သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

အသိပေးကြော်ငြာချက်

ဗီဒီယိုဖိုင်များ၊ ဓါတ်ပုံများပေးပို့ပါက myitaya3@gmail.com သို့ပေးပို့ပါရန် အသိပေးအပ်ပါသည်။ထို့အပြင် ပေးပို့သူတို့၏ အကောင့်များအား မပေါက်ကြားစေရန်လဲ အထူးဂရုပြုအပ်ပါသည်.....။
ဒေါင်းလုပ်ဆွဲရန် အဆင်မပြေပါက ပြန်လည်ပြုပြင်ပေးမည် ဖြစ်ပြီး ကိုယ်တိုင်ရိုက်များ ပေးပို့စေချင်သှ်...။

Followers member (အားပေးကြသူတွေ)

Thursday 8 November 2012

အိုဘားမားအနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာလာစေနိုင်


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့သော ဒီမိုကရက်တစ်ပါတီမှ လက်ရှိ သမ္မတ အိုဘားမား။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒုတိယသမ္မတသက်တမ်းအတွက် လူထု၏ ရွေးချယ်ခံလိုက်ရသော ဒုတိယမြောက် ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ် မှတ်တမ်းတင်သွားခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီအမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့သော ဒီမိုကရက်တစ်ပါတီမှ လက်ရှိ သမ္မတ အိုဘားမား။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒုတိယသမ္မတသက်တမ်းအတွက် လူထု၏ ရွေးချယ်ခံလိုက်ရသော ဒုတိယမြောက် ဒီမိုကရက်တစ်ပါတီမှ သမ္မတအဖြစ် မှတ်တမ်းတင်သွားခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲကို တွန်းအားပေးခဲ့သည့် အမေရိကန်သမ္မတ
ဘာရက်အိုဘားမား သည် သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင်
မည်ဖြစ်ရာ မြန်မာနိုင်ငံရေးပြောင်းလဲမှုသည် ပိုမိုခိုင်မာပြီး နောက်ကြောင်း ပြန်လှည့်နိုင်မည့် အနေ
အထားဖြစ်လာ နိုင်ဖွယ်မရှိဟု သုံးသပ်သူများက ဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ပြန်လည်ရွေးချယ်ပွဲ
တွင် ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေကို မဲအသာ စီးရပြီး ဒုတိယသက်တမ်း ပြန်လည်
ထမ်းဆောင်ခွင့်ရခဲ့သည့် အိုဘားမား သည် မြန်မာနိုင်ငံသို့ ယခုလလယ် အတွင်း လာရောက်လည်
ပတ်မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထို့ကြောင့် အမေရိကန်သမ္မတ အိုဘားမား၏ သမ္မတသက်တမ်းဒုတိယအကြိမ် စတင်တာဝန်ထမ်း
ဆောင်ချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင် ကူးပြောင်းနေခြင်းကို ထပ်မံအားပေးမှု များရရှိလာ
နိုင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် က ပြောဆိုလိုက်သည်။
"လက်ရှိထက်ပိုပြီးထူးခြားတဲ့ နိုင်ငံရေးဖြစ်စဉ်တော့ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် နောက်ပြန်
ဆုတ်မသွား အောင်တော့ သူကအများကြီး ကူညီပေး နိုင်လိမ့်မယ်"ဟု ဦးဝင်းတင်က ပြောသည်။
လူဖြူအများစုထောက်ခံသည့် ရီပတ်ဘလီကန်ပါတီမှ မစ်ရွမ်နေနှင့် လူမျိုးစုံ၊ ဘာသာမျိုးစုံ၊ လူတန်း
စားပေါင်းစုံ ထောက်ခံသည့် ဒီမိုကရက်တစ်ပါတီမှ ဘာရက်အိုဘားမားတို့၏ ယှဉ်ပြိုင်မှုတွင် မဲ
အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း မဟုတ်ပေ။
"အိုဘားမားအနိုင်ရခဲ့တဲ့ ဒီမိုကရက် တစ်ပါတီကတော့ လူပေါင်းစုံပါပြီးတော့ ဒီမိုကရေစီလမ်းစဉ်ကို
လည်း အားပေး တယ်။ ရီပတ်ဘလီကန်ကတော့ လူဖြူ တွေ၊ ကွန်ဆာဗေးတစ်တွေ ပါတယ်။
ဒီတော့ မစ်ရွမ်နေထက် အိုဘားမားနိုင် တာက မြန်မာနိုင်ငံအတွက် ပိုကောင်း တယ်လို့ ပြောလို့ရ
တယ်"ဟု ဦးဝင်းတင် က ပြောသည်။
"မစ်ရွမ်နေသာနိုင်ရင် အရှေ့တိုင်း နိုင်ငံတွေအတွက် သိပ်အားကိုးလို့ ရနိုင်မယ်မထင်ဘူး။ ဒါပေမယ့်
အခု အိုဘားမားနိုင်တဲ့အတွက် ရှေ့အမေ ရိကန်နိုင်ငံရဲ့ နိုင်ငံရေးကတော့ ပိုကောင်း သွားမယ်လို့
ထင်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ဘာရက်အိုဘားမားသာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဆိုပါက မြန်မာ့နိုင်ငံရေး ပိုမိုခိုင်မာ
စေမည့် အလားအလာရှိကြောင်းလည်း ဦးဝင်း တင်က ဖြည့်စွက်ပြောသည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည့် ရွေးကောက်ပွဲတစ်ခု
ဖြစ်ကာ နိုင်ငံအများစုသည် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း
အမေရိကန်ပြည်ထောင်စုနှင့် ပတ်သက်ဆက်နွှယ်နေမှု ရှိနေခြင်း ကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း သမ္မတအိုဘားမား၏ ပထမအကြိမ် သက်တမ်းအတွင်း နိုင်ငံရေး
ပြုပြင် ပြောင်းလဲရေးအတွက်များစွာထောက်ခံ အားပေးမှုများရှိခဲ့သကဲ့သို့ ယင်းနှင့် ဆက်စပ်ပြီး
ပိတ်ဆို့ထားခဲ့သည့် စီးပွား ရေးလုပ်ငန်းလမ်းကြောင်းများကို ပြန် လည် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းအကျိုးဆက်ကြောင့် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍနှင့်
ပတ်သက်ပြီးလည်း ဆက်နွယ်မှုရှိနေသည်။
"အခုအိုဘားမားထပ်နိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ပိုကောင်းလာမယ်လို့
ယူဆတယ်။ သူက အစောပိုင်းကတည်းက၊မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးကို ထောက်ခံတဲ့သူ
တစ်ယောက်ပါ။ သူ့လက်ထက်မှာပဲ စီးပွားရေးပိတ်ဆို့ထားတာတွေ ပြန်ဖွင့်ပေးခဲ့တယ်။ တကယ်လို့
မြန်မာနိုင်ငံကို ဒီလထဲမှာလာဖြစ်ခဲ့မယ်ဆိုရင် သူနဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေလည်းပါလာ
မှာပဲ။ ဒီတော့ မြန်မာနိုင်ငံစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်လို့ ရနိုင်တယ်"ဟု စီးပွားရေး
လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးမြတ်သင်းအောင်က သုံးသပ်သည်။
မြန်မာနိုင်ငံတွင် လတ်တလောအနေအထား၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကိုလည်း ပြဋ္ဌာန်း
လိုက်ရာ ပြည်တွင်း၌ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချရန် အစီအစဉ်ရှိသည့် ပြည်ပလုပ်ငန်းရှင်
များအတွက်များစွာ စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် နည်းပညာပိုင်းကောင်းမွန်သော
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များသာ သမ္မတအိုဘားမားနှင့်အတူ ပါဝင်လာပါက ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းသစ်များ ပိုမိုဝင်ရောက်လာဖွယ်ရှိသည်ဟု ၎င်းက ပြောကြားသည်။
"ဥပမာ အိုင်ဖုန်းတို့၊အိုင်ပက်တို့ ထုတ်လုပ်တဲ့ ကုမ္ပဏီမျိုးပေါ့။ အခုလည်း တရုတ်မှာထုတ်နေတာပဲ။
လုပ်အားခက သက်သာတယ်။ မြန်မာပြည်မှာသာလာတည်မယ်ဆိုရင် ဒီကပို့တဲ့ကုန်တွေက အခွန်
ကင်းခွင့်ရတယ်။ လုပ်သားခလည်း ဈေးချိုမယ်ဆိုရင် သူတို့လာကြမှာပဲ"ဟု ဦးမြတ်သင်းအောင်က
ပြောသည်။
ယခုကာလတွင် အမေရိကန်နိုင်ငံသို့ တင်ပို့နေသော ပို့ကုန်များကို အခွန် ကင်းလွတ်ခွင့်ပေးထား
သောကြောင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း ဈေးကွက်ကို မထိခိုက်ဘဲ ထုတ်လုပ်မှုကို
သာ ဦးစားပေးပြီး မြန်မာနိုင်ငံမှတစ်ဆင့် ပြည်ပပြန်တင်ပို့နိုင်သည့် ဈေးကွက်ကို ထိုးဖောက်လာဖွယ်
ရှိကြောင်းလည်း ဆိုသည်။
"အိုဘားမားနဲ့အတူ အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် တွေပါလာဖို့ မျှော်လင့်
တယ်" ဟု ၎င်းကဆိုသည်။
နိုင်ငံရေးနှင့် စီးပွားရေးတွင် အိုဘားမား သက်တမ်းထပ်တိုးခြင်းနှင့် ပတ်သက်ပြီး အကောင်းမြင်ပြော
ဆိုမှုများရှိနေသကဲ့သို့ ရှေ့အလားအလာကို ထပ်မံစောင့် ကြည့်ဖို့ လိုသေးကြောင်းလည်း အိုးပင်း
သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။
"အိုဘားမားကြောင့်တော့ မြန်မာ့ နိုင်ငံရေး ပိုပြီးထူးခြားသွားမယ်လို့တော့ မမြင်ဘူး။ အပြောင်းအလဲ
ကြီးကြီးတော့ ဖြစ်မှာမဟုတ်ဘူး။ မြန်မာနိုင်ငံကို သူလာမယ်ဆိုရင်တော့ အများအာရုံ စိုက်မှုက
တော့ရမှာပဲ" ဟု ၎င်းကပြော သည်။

 Copyright © 2012 The Myanmar Times

No comments:

Post a Comment

Note: only a member of this blog may post a comment.