သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

အသိပေးကြော်ငြာချက်

ဗီဒီယိုဖိုင်များ၊ ဓါတ်ပုံများပေးပို့ပါက myitaya3@gmail.com သို့ပေးပို့ပါရန် အသိပေးအပ်ပါသည်။ထို့အပြင် ပေးပို့သူတို့၏ အကောင့်များအား မပေါက်ကြားစေရန်လဲ အထူးဂရုပြုအပ်ပါသည်.....။
ဒေါင်းလုပ်ဆွဲရန် အဆင်မပြေပါက ပြန်လည်ပြုပြင်ပေးမည် ဖြစ်ပြီး ကိုယ်တိုင်ရိုက်များ ပေးပို့စေချင်သှ်...။

Followers member (အားပေးကြသူတွေ)

Thursday 18 October 2012

ပြည်ထောင်စု ဘဏ် အဆောက်အဦ ကို ဗုံးခွဲ ရန်ကြံစည် သည့် ဘင်္ဂလားဒေရှ် နိုင်ငံ သား ကို ဖမ်းဆီးရမိ






    
        နယူးယောက် ရှိ အမေရိကန် ဗဟိုဘဏ် အဆောက် အဦ ကို ဗုံးထောင် ဖောက် ခွဲ မည့် အသက် ၂၁ နှစ်အရွယ်ရှိ ဘင်္ဂလား ဒေရှ် နိုင်ငံ သား ကာဆီ မိုဟာမက် ရဇ်ညူဝယ်(လ) အရှန် နာဖစ်  ကို လျှို့ ဝှက်
တာဝန်ထမ်းဆောင် မှု ပြု နေသည့် အမေရိကန် ပြည်တွင်းလုံခြုံရေး အဖွဲ့  ၀င်များ ၏ အကူ အညီ ဖြင့်

ဖမ်းဆီး နိုင်ခဲ့ သည် ဟု Fox သတင်း ရုပ်သံ က ထုတ် လွှင့် ခဲ့ သည်။


         ပေါင် တစ်ထောင် အလေး ချိန် ရှိသည့်ဗုံးကိုလစ်ဘာတီလမ်းအမှတ်၃၃ရှိဗဟိုဘဏ်အဆောက်အဦနား တွင် စနက် တံ ဖြုတ် ပြီး  ဗုံးထောင် ဖောက် ခွဲ ရန် ကြံ စည်နေ ချိန် တွင် ဖမ်းဆီး ရမိ ခြင်း ဖြစ်သည်။နာဖစ် သည် ယခု နှစ်ဆန်း ပိုင်းက ကျောင်းသား ဗီဇာ ဖြင့် အမေရိကန် နိုင်ငံ သို့  ရောက် ရှိ လာခြင်း ဖြစ် ပြီးဇူလိုင် လ တွင် နိုင်ငံ တကာအကြမ်းဖက်ကွန်ယက်အဖွဲ့  ဖြစ်သည့်အယ်(လ)ကာယီးဒါး နှင့် အဆက် အသွယ် ရရှိ ပြီးနောက် ထို အဖွဲ့  ၏ လမ်းညွှန် မှု ဖြင့် ဗဟို ဘဏ် အဆောက် အဦ  ကို ဖောက် ခွဲရန် ကြံစည် ခဲ့ ခြင်းဖြစ်သည်။

နာဖစ်သည်  ယမန် နှစ်က ယီမင် နိုင်ငံ တွင် သတ်ဖြတ် ခြင်း ခံခဲ့ ရသည့် အမေရိကန် နိုင်ငံ သား မွတ်ဆလင်
အစွန်းရောက် တရား ဟောသူ အယ်(လ)၀ါလီ ကီ ၏ တပည့် ဖြစ် ပြီး ၎င်း သည် အမေရိကန် အဆင့် မြင့် အရာ
ရှိ ကြီး များ ၊ နယူးယောက် စတော့ အိပ်ချိန်း ကို ပါ ဗုံး ခွဲရန် ကြံစည် ခဲ့ သည်။

နယူးယောက် ရှိ ကွင်း(စ) အရပ် တွင် လတ်တလော နေ ထိုင် သည့် နာဖစ်သည် မစ်ဆူရီ ပြည်နယ် တွင်း ရှိ ကောလိပ် တစ်ခု တွင် တက်ရောက် ပညာ သင်ကြား နေသူ ဖြစ်ပြီး ဗဟိုဘဏ် အဆောက် အဦ ကို ဗုံးထောင် ပြီး နောက် ၎င်း ၏ ဗန် ကား ထဲမှာ နေ၍ မိုဘိုင်း ဖုန်း ဖြင့် အဝေး ထိန်း ဖောက် ခွဲရန် စီစဉ် နေ ချိန် တွင် ဖမ်းဆီးရမိ ခြင်း ဖြစ်သည်။

                                                                                                                    Freedom News

No comments:

Post a Comment

Note: only a member of this blog may post a comment.