သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

အသိပေးကြော်ငြာချက်

ဗီဒီယိုဖိုင်များ၊ ဓါတ်ပုံများပေးပို့ပါက myitaya3@gmail.com သို့ပေးပို့ပါရန် အသိပေးအပ်ပါသည်။ထို့အပြင် ပေးပို့သူတို့၏ အကောင့်များအား မပေါက်ကြားစေရန်လဲ အထူးဂရုပြုအပ်ပါသည်.....။
ဒေါင်းလုပ်ဆွဲရန် အဆင်မပြေပါက ပြန်လည်ပြုပြင်ပေးမည် ဖြစ်ပြီး ကိုယ်တိုင်ရိုက်များ ပေးပို့စေချင်သှ်...။

Followers member (အားပေးကြသူတွေ)

Tuesday, 16 October 2012

ထိုင်းရုပ်သံပေါ်က မြန်မာ့ သနပ်ခါး အကြောင်း



         မြန်မာ့ သနပ်ခါး အကြောင်း ထိုင်းနိုင်ငံက ရုပ်မြင်သံကြား တခုမှာ အကျယ်တ၀ံ့ ဖော်ပြထားတာပါ။ ထိုင်း သတင်းဌာနက မြန်မာ့သနပ်ခါး ဇာတ်လမ်းအစ၊ အဆုံး ကို သေချာ မှတ်တမ်းရိုက်ကူးထားတာ လည်းဖြစ် ပါတယ်။

သနပ်ခါးမှာ ကျောက်ပြင်နဲ့ တွဲသုံးရတာမို့ ကျောက်ပြင်လုပ်ငန်းကိုပါ စနစ်တကျ မှတ်တမ်းရိုက်ကူး ပြသ ထားပါတယ်။ စိတ်ဝင်စားစရာ အလွန်ကောင်းစွာနဲ့ ထိုင်းတွေလည်း မြန်မာစကားတွေ ပြောပြီး တင်ဆက် ထားတာပါ။ ထိုင်း ရုပ်သံ နာမည်ကြီးတွေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။

ထိုင်းတွေလည်း မြန်မာ့သနပ်ခါးရဲ့ အသားအရေးကို ကောင်းစေတဲ့ လျို့ဝှက်ချက်တွေ ကို ကောင်းကောင်း သိလာပြီး ကျယ်ကျယ်ပြန့်ပြန် သုံးစွဲဖို့ ဖြစ်လာနေပါပြီ။ 

မြန်မာမိန်းကလေးတွေကတော့ ကိုယ့်ရိုးရာ သနပ်ခါးရဲ့ ကောင်းခြင်းတွေကို မေ့ပြီး တိုင်းတပါးက ဓာတု 
ဆေးဝါးတွေနဲ့ ဖန်တီးထားကြ တဲ့ မိတ်ကပ်တွေကိုပဲ ဈေးကြီးပေးသုံးနေကြတာ စိတ်မကောင်းစရာပါ။ 

မြန်မာ့ သနပ်ခါးဟာ အသားအရေကို တကယ်ကောင်းမွန် နူညံ့သိမ်မွေ့စေပြီး ထူးခြားတဲ့ အစွမ်းသတ္တိတွေ ကို ပေးစွမ်းတယ်ဆို တာ မြန်မာတွေထက် နိုင်ငံရပ်ခြားက သူတွေက ပိုသိ၊ ပိုမြင်လာနေကြပါတယ်။ 









   

No comments:

Post a Comment

Note: only a member of this blog may post a comment.